Pages

Powered by Blogger.

Pages - Menu

Saturday, 2 November 2013

Photoshop ဖြင့် ဓါတ်ပုံများကို ခဲခြစ်ပန်းချီပုံများ ဖြစ်အောင် ဖန်တီးခြင်း

           Photoshop ဖြင့် ဓါတ်ပုံများကို

       ခဲခြစ်ပန်းချီပုံများ ဖြစ်အောင် ဖန်တီးခြင်း

 ဒီ Photoshop လေ့ကျင့်ခန်းလေးကတော့ မိမိတို့ရဲ့ ပုံလေးတွေကို ခဲခြစ်ပန်းချီပုံလေးတွေ ဖြစ်အောင် ဖန်တီးယူတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ ခဲခြစ်ပန်းချီးပုံတွေဖြစ်အောင် အဆင်သင့်အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်တွေ အများအပြားရှိပေမယ့် ဒီနည်းလေးကတော့ Photoshop ကို အသုံးပြုတတ်အောင် လေ့လာနေတဲ့ သူများအတွက် အဆင်ပြေအောင်၊ အတတ်မြန်အောင်  လေ့ကျင့်ခန်းလေး တခုအဖြစ် တင်ပေးလိုက်ခြင်းပါ..။ Photoshop ပညာကို တတ်လိုတဲ့ သူများကတော့ ဒီလိုလေ့ကျင့်ခန်းလေးတွေနဲ့ လေ့လာရင် အတတ်မြန်မှာ ဖြစ်ပါတယ်..။ ကျနော် တင်ပေးခဲ့ပြီးတဲ့ အရင်လေ့ကျင့်ခန်းလေးတွေကနေ အခုလေ့ကျင့်ခန်းအထိ ပိုစ့်တခုစီကို အလွတ်ရအောင် လေ့ကျင့်ထားပြီးဆိုရင်တော့ Photoshop ကို အသုံးပြုတတ်သွားပြီလို့ ပြောလို့ ရပါပြီ..။ 
ဒီပိုစ့်မှာ ဒီလို ခဲခြစ်ပန်းချီလေးတွေဖြစ်အောင် ဖန်တီးတဲ့လုပ်နည်းက သိပ်မများပေမယ့် အနည်းငယ်တော့ ရှုပ်ပါလိမ့်မယ်..။ ဒါကြောင့် တဆင့်စီ အသုံးပြုရလွယ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားလို့ ဒီပိုစ့်မှာ ပုံတွေတော့ နည်းနည်းများပါတယ်..။ သေချာလေ့လာလိုက်ရင် လုပ်တတ်သွားမှာပါ..။ ဒီပိုစ့်ကိုလည်း မနေ့က ပိုစ့်လိုပဲ Photoshop CS6 နဲ့ ပြပေးထားလို့ Photoshop CS6 လိုအပ်တဲ့သူများအတွက် ဒေါင်းယူလို့ အဆင်ပြေအောင် အောက်မှာ လင့်တွေပြန်ချိတ်ပေးထားပါတယ်..။ ဒီခဲခြစ်ပန်းချီဖြစ်အောင် ဖန်တီးနည်းကို လေ့လာကြည့်လိုတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ 

Sunday, 22 September 2013

မောင့်ချစ်သူ ဗမာမလေး


Blog မှာ နာရီထည့်နည်း

Blog မှာ နာရီထည့်ချင်တဲ့ သူများအတွက်


မိမိတို့ရဲ့ ဘလော့မှာ နာရီထည့်နည်းလေးကို သိချင်တဲ့လူရှိလို့ ပြောပြပေးလိုက်ပါတယ်..။ တကယ်တော့ လုပ်နည်းမသိသေးလို့ ခက်နေတာပါ..။ သိသွားရင်ဘာမှ မခက်တော့ပါဘူး..။ အခုဒီနည်းလေးကလည်း နာရီမှ မဟုတ်ပါဘူး.. ဘယ်ဟာကိုပဲဖြစ်ဖြစ်ဒီနည်းနဲ့ ထည့်တာပါပဲ..။ မိမိတို့ရောက်ခဲ့တဲ့ ဘလော့ဆိုဒ်တွေမှာ တွေ့သမျှ လိုချင်တာလေးတွေကို အခုဒီနည်းလေးနဲ့ လုပ်ယူလို့ ရပါတယ်..။ တချို့နေရာတွေက အကောင့်တခုဖွင့်ပေးရတယ်..။ တချို့နေရာတွေက အကောင့်ဖွင့်ဖို့ မလိုဘူး..။ ဒါပဲကွာပါတယ်..။ Cbox မှာတောင်းထားတဲ့ ကိုစောကျော်ဦးနဲ့ အတူ တခြားမသိသေးတဲ့ သူများပါ သုံးတတ်အောင်လို့ ဒီနည်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ..
အရင်ဆုံး ကျနော့်ဘလော့ ပေါ်က နာရီပုံပေါ်မှာ မောက်စ်မျှားလေးတင်လိုက်ပါ..။ အောက်ကပုံအတိုင်း  ClockLink နဲ့ လက်ပုံလေးပေါ်လာရင် နှိပ်ပြီး ဝင်သွားလိုက်ပါ..

Internet Cafe မှာမြန်မာစာရေးလို့ ၊ဖတ်လို့ ရအောင်လုပ်နည်း

Internet Cafe - အင်တာနက်ဆိုင်မှာ အသုံးပြုသူများအတွက်

            မြန်မာစာရေးလို့၊ ဖတ်လို့ရအောင် လုပ်နည်း

 အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့ သူငယ်ချင်းတွေက ဒီနည်းကို ပိုစ့်တင်ပေးဖို့ တောင်းထားတာ နည်းနည်းကြာနေပြီ..။ ဒီနေ့မှပဲ တင်ပေးဖြစ်တော့တယ်..။ တကယ်တော့ ဒီလိုလုပ်နည်းလေးတွေကလည်း အားလုံးလိုလို လုပ်တတ်ထားဖို့ လိုအပ်ပါတယ်..။ မြန်မာပြည်မှာနေတဲ့သူများ အတွက်တော့ သိပ်မလိုအပ်ပေမယ့် နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာပြည်သားတွေ အတွက် လုပ်တတ်ထားဖို့ တကယ်လိုအပ်တဲ့ နည်းလေးပါ.. နိုင်ငံခြားက အင်တာနက်ဆိုင်တွေမှာ မြန်မာဖေါင့် သွင်းထားတာ မရှိပါဘူး..။ မိမိတို့ အသုံးပြုတော့မယ်ဆိုမှ အင်တာနက်ကနေ ဒေါင်းလော့ချပြီး Install ဆွဲထည့်ရပါတယ်..။ မြန်မာစာတော့ ဖတ်လို့ ရပါပြီ..  ဒါပေမယ့် ရေးလို့ မရသေးပါဘူး..။

Gtalk မှာ မြန်မာစာမပေါ်ခြင်း ပြဿနာ ဖြေရှင်းနည်း

Gtalk မှာ မြန်မာစာမပေါ်ခြင်း ပြဿနာ ဖြေရှင်းနည်း


ဒီနည်းလေးကတော့ ဆိုဒ်တော်တော်များမှာ တင်ထားပြီးသားပါ..။ ဒါပေမယ့်လည်း ကျနော်က ကောင်းတဲ့နည်းလေးတွေအပြင် နောက်ထပ်ကောင်းတာလေးတွေပါ ထပ်ဖြည့်ပြထားပါတယ်..။ ဟိုပြောင်းဒီပြောင်း မလုပ်ချင်တဲ့သူများကတော့ IE Zawgyi Gtalk Font ကို ဒေါင်းလော့ချပြီး Install ဆွဲထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ စက်ကို Restart  ချပေးလိုက်ရင် Gtalk မှာ မြန်မာစာ ပေါ်လာပါပြီ..။ ဒါပေမယ့် IE Zawgyi Gtalk Font ရဲ့အားနည်းချက်က တချို့ဝင်းဒိုးတွေမှာ အင်စတောဆွဲတဲ့အခါ တဝက်နဲ့ ရပ်နေတတ်တာပါပဲ..။ အဲလိုဖြစ်ခဲ့ရင်တော့ နောက်ထပ်နည်းလေးတွေနဲ့ အောက်ကပုံလေးတွေအတိုင်း အပြောင်းအလဲလေး လုပ်ပေးလိုက်ပါ..။

နောက်ဆုံးပေါ် ရုပ်ရှင်ဇာတ်ကားတွေကြည့်မယ်


နောက်ဆုံးပေါ် ရုပ်ရှင်ဇတ်ကားတွေကြည့်မယ် Download လုပ်မယ်



နောက်ဆုံးပေါ် ရုပ်ရှင်ဇတ်ကားတွေကြည့်ချင်တဲ့သူငယ်ချင်းတွေအတွက်
ရုပ်ရှင်ကြည့်မယ်ဆိုရင်

Andriod ဖုန်းကိုသေနတ်လုပ်ပြီး ပစ်ရအောင်



လက်နက်တွေကတော့ တော်တော်စုံတယ်

 

Blogger news

Blogroll

About