ကွန်ပျူတာကို ဓါတ်ပုံရိုက်ပြီး လမ်းညွန်ရေးရပါတယ် ။
အဲလိုမျိုး ဓါတ်ပုံတွေဘယ်လိုရိုက်ရလဲ အသုံးပြုနည်းတွေပါ
နောက်ပြီး ဘယ်လိုရိုက်တယ်ဆိုတာ စိတ်ဝင်စားပြီး လေ့လာချင်တဲ့ မသိသေးတဲ့သူငယ်ချင်းတွေအတွက်
တင်ပေးလိုက်ပါတယ်။ နည်းလမ်းလေးက မသိတဲ့သူအတွက်ခတ်ပေမယ့် သိသူအတွက် အရမ်းလွယ်ပါတယ်။
နမူနာ ဓါတ်ပုံလေးရိုက်ပြမယ် အောက်ကပုံတွေကိုကြည့်လိုက်ပါ
အဲလိုမျိုးဘယ်လိုရိုက်လည်း ဒီတော့ စရအောင်
ကိုယ်ဓါတ်ပုံရိုက်ချင်တဲ့ website ကို Browser တစ်ခုကနေအရင်ဖွင့်လိုက်ပါ။
ပြီးရင် အောက်ကပုံအတိုင်း မိမိရဲ့ Keyboard မှာ ပါတဲ့ Print Screen ဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ
ပြီးရင် အောက်ကပုံအတိုင်း start >> All Programs သွားပါ
ပြီးရင် All Programs ထဲက Accessories >>>> Paint ကိုဖွင့်ပါ
အဲဒါဆိုရင် အောက်ပုံအတိုင်း Paint ပွင့်လာပါပြီ အဲမှာ စောစောက ကိုယ်ရိုက်ထားတဲ့ ဆိုဒ်လေးကို ပြန်ဖော်ကြည့်ရအောင်
အောက်ကပုံမှ Ctrl ဖိပြီးတော့ V ကိုနှိပ်ပါ ။
ဒါဆိုရင်အောက်က ပုံအတိုင်း ကိုယ်ရိုက်ထားတဲ့ ဆိုဒ်လေး ပေါ်လာပါလေ့မယ်
ဒါဆိုရင်အိုကေပြီထင်တယ်နော် Photoshop ကျွမ်းတဲ့သူငယ်ချင်းတွေက Paint မှာ မဖွင့်ပဲ Photoshop
နဲ့လုပ်လို့လည်းရပါတယ် ဒါကတော့ Photoshop မတတ်တဲ့သူငယ်ချင်းတွေပါ လုပ်တတ်အောင် Paint နဲ့တင်ပြခြင်းဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေပါစေနော် ။
No comments:
Post a Comment