Photoshop ဖြင့် ဓါတ်ပုံများကို
ခဲခြစ်ပန်းချီပုံများ ဖြစ်အောင် ဖန်တီးခြင်း
ဒီ Photoshop လေ့ကျင့်ခန်းလေးကတော့ မိမိတို့ရဲ့ ပုံလေးတွေကို
ခဲခြစ်ပန်းချီပုံလေးတွေ ဖြစ်အောင် ဖန်တီးယူတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။
ခဲခြစ်ပန်းချီးပုံတွေဖြစ်အောင် အဆင်သင့်အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်တွေ
အများအပြားရှိပေမယ့် ဒီနည်းလေးကတော့ Photoshop ကို အသုံးပြုတတ်အောင်
လေ့လာနေတဲ့ သူများအတွက် အဆင်ပြေအောင်၊ အတတ်မြန်အောင် လေ့ကျင့်ခန်းလေး
တခုအဖြစ် တင်ပေးလိုက်ခြင်းပါ..။ Photoshop ပညာကို တတ်လိုတဲ့ သူများကတော့
ဒီလိုလေ့ကျင့်ခန်းလေးတွေနဲ့ လေ့လာရင် အတတ်မြန်မှာ ဖြစ်ပါတယ်..။ ကျနော်
တင်ပေးခဲ့ပြီးတဲ့ အရင်လေ့ကျင့်ခန်းလေးတွေကနေ အခုလေ့ကျင့်ခန်းအထိ
ပိုစ့်တခုစီကို အလွတ်ရအောင် လေ့ကျင့်ထားပြီးဆိုရင်တော့ Photoshop ကို
အသုံးပြုတတ်သွားပြီလို့ ပြောလို့ ရပါပြီ..။
ဒီပိုစ့်မှာ ဒီလို ခဲခြစ်ပန်းချီလေးတွေဖြစ်အောင် ဖန်တီးတဲ့လုပ်နည်းက
သိပ်မများပေမယ့် အနည်းငယ်တော့ ရှုပ်ပါလိမ့်မယ်..။ ဒါကြောင့် တဆင့်စီ
အသုံးပြုရလွယ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားလို့ ဒီပိုစ့်မှာ
ပုံတွေတော့ နည်းနည်းများပါတယ်..။ သေချာလေ့လာလိုက်ရင် လုပ်တတ်သွားမှာပါ..။
ဒီပိုစ့်ကိုလည်း မနေ့က ပိုစ့်လိုပဲ Photoshop CS6 နဲ့ ပြပေးထားလို့
Photoshop CS6 လိုအပ်တဲ့သူများအတွက် ဒေါင်းယူလို့ အဆင်ပြေအောင် အောက်မှာ
လင့်တွေပြန်ချိတ်ပေးထားပါတယ်..။ ဒီခဲခြစ်ပန်းချီဖြစ်အောင် ဖန်တီးနည်းကို
လေ့လာကြည့်လိုတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။